မန္တလေးမြို့ရှိ Clover Mandalay Co., Ltd နှင့် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ DIVE INTO CODE ကုမ္ပဏီလီမိတက်တို့ မြန်မာနိုင်ငံရှိလူငယ်လူရွယ်များအတွက် ပရိုဂရမ်းမင်းနှင့် နည်းပညာဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ငန်းပူးပေါင်းဆောင်ရွက်ရန် သဘောတူလက်မှတ်ရေးထိုးခြင်း

ပူးပေါင်းဆောင်ရွက်မှုသဘောတူညီလွှာအကြောင်း

မြန်မာနိုင်ငံရှိလူငယ်လူရွယ်များအတွက် ပရိုဂရမ်းမင်းနှင့် နည်းပညာဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရန် ရည်ရွယ်ချက်ဖြင့်  ဂျပန်နိုင်ငံ တိုကျိုမြို့တွင် တည်ထောင်ဖွင့်လှစ်ထားသော DIVE INTO CODE ကုမ္ပဏီလီမိတက်၏ Ruby နှင့် Python ကို အသုံးပြုသော Web အင်ဂျင်နီယာသင်ရိုးနှင့် လူလုပ်ဉာဏ်ရည်တု (AI) အင်ဂျင်နီယာသင်ရိုးများ၏ သင်ရိုးညွှန်းတမ်းများကို မြန်မာနိုင်ငံရှိ မန္တလေးမြို့ Clover Mandalay Co., Ltd မှ ဖွင့်လှစ်တည်ထောင်ထားသော “KAKEHASHI” ဂျပန်ဘာသာစကားသင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားသွားမှာဖြစ်ပါသည်။


DIVE INTO CODE ၏ အွန်လိုင်းသင်ယူခြင်းစနစ် “DIVER” မှ တဆင့် နိုင်ငံရပ်ခြားမှ ဆရာ၊ ဆရာမများ၏ အွန်လိုင်းထောက်ပံ့မှုများ နှင့် သင်တန်းကျောင်းရှိ ကျွမ်းကျင်ဆရာ၊ ဆရာမများ၏ သင်ကြားမှုများမှတဆင့် လက်တွေ့လုပ်ငန်းခွင်တွင် အသုံးပြုနိုင်လက်တွေ့လုပ်ငန်းခွင်တွင် အသုံးပြုနိုင်သော လက်တွေ့အသုံးချပရိုဂရမ်းမင်းသင်ကြားခြင်းကို ပြုလုပ်၍ အလုပ်အကိုင်မရရှိမှုနှုန်းများသည့် မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းနှင့် မိမိဘာသာရပ်တည်နိုင်ရန် ကူညီထောက်ပံ့မှုကို တည်ဆောက်နိုင်သည့် အီကိုစနစ်ဖွဲ့စည်းရန် ဦးတည်ပါသည်။



ပူးပေါင်းဆောင်ရွက်မှုသဘောတူညီလွှာ၏ရည်ရွယ်ချက်

ဤပူးပေါင်းဆောင်ရွက်မှုသဘောတူညီလွှာအရ ကျွန်တော်တို့သည် မြန်မာနိုင်ငံ၏ လူငယ်များအတွက် ပရိုဂရမ်းမင်းသင်ကြားခြင်းကို ထောက်ပံ့ပေး၍ ခိုင်မာသော အလုပ်အကိုင်အခွင့်အလမ်းနှင့် မိမိဘာသာရပ်တည်နိုင်ရန် ကူညီထောက်ပံ့မှုကို တည်ဆောက်နိုင်ကာ လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချနိုင်သည့်လူ့စွမ်းအားရင်းမြစ်များ အစဉ်မပြတ် ထွက်ပေါ်လာစေရန် ရည်ရွယ်ပါသည်။



DIVE INTO CODE အကြောင်း

“ကျွမ်းကျင်အင်ဂျင်နီယာဖြစ်ရန် စိန်ခေါ်ကြိုးစားမည့်သူများမှ အခွင့်အရေးကို ဆုပ်ကိုင်နိုင်သောနေရာဖန်တီးခြင်း” ကို ဗွီးရှင်းအဖြစ်ထားရှိကာ Web/လူလုပ်ဉာဏ်ရည်တု (AI) အင်ဂျင်နီယာအဖြစ် အလုပ်လုပ်ကိုင်ရန် ရည်မှန်းချက်ရှိသူများကို ရည်ရွယ်သော IT အင်ဂျင်နီယာ ပြုစုပျိုးထောင်သည့်ကျောင်းဖြစ်ပါသည်။ ၂၀၁၅ခုနှစ် အောက်တိုဘာလမှ ကျောင်းလုပ်ငန်းကို စတင်ခဲ့ပြီး လက်ရှိတိုင် စုစုပေါင်း အယောက် ၄၀၀၀ ခန့် ဟောပြောပွဲများနှင့်ကျောင်းတွင် သင်ယူခဲ့ကြပါတယ်။ Web အင်ဂျင်နီယာသင်ရိုးနှင့် လူလုပ်ဉာဏ်ရည်တု (AI) သင်ရိုးကို သင်ကြားပေးနေပါသည်။



CLOVER MANDALAY Co., Ltd အကြောင်း

ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ကူးလူးဆက်နွယ်မှုများဆောင်ရွက်ရာတွင် ဘာသာစကားအခက်အခဲကို ကျော်လွှားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၇ ခုနှစ် ဧပြီလတွင် ဘာသာပြန်ဝန်ဆောင်မှုကုမ္ပဏီအဖြစ် စတင်တည်ထောင်ခဲ့သော ကုမ္ပဏီဖြစ်ပါသည်။ ဂျပန်မြန်မာလုပ်ငန်းစာရွက်စာတမ်းပေါင်း ၁၀၀၀ ကျော် လက်ခံဆောင်ရွက်ခဲ့ပြီး လက်ရှိတွင်လည်း အခြားသောဘာသာစကားများအထိ တိုးချဲ့ကာ ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီဖြစ်ပါသည်။


ဂျပန်နိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်လိုသည့်လူငယ်များ များပြားလာသည့်အလျှောက် အလုပ်အကိုင် ရှာဖွေမှုများအဆင်ပြေစေရန် ၂၀၁၉ခုနှစ် မေလတွင် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအဖြစ် အလုပ်သမားဝန်ကြီးဌာနမှ တရားဝင်လိုင်စင်ရယူခဲ့ပါသည်။ Clover Mandalay သည် မြန်မာပြည်အလယ်ပိုင်း မန္တလေးမြို့၏ပထမဆုံး ပြည်ပအလုပ်အကိုင်ရှာဖွေရေး လိုင်စင်ရအေဂျင်စီဖြစ်ပါသည်။


KAKEHASHI ဂျပန်ဘာသာစကားသင်တန်းအကြောင်း

ဂျပန်နိုင်ငံသို့ သွားရောက် ပညာသင်ကြားလိုသည့်၊ အလုပ်လုပ်ကိုင်လိုသည့် လူငယ်များအတွက် ဂျပန်ဘာသာ အခြေခံ (N5) မှ အဆင့်မြင့်တန်းခွဲ (N1) အထိ သင်ကြားပေးနေသော သင်တန်းကျောင်းဖြစ်ပါသည်။ သင်တန်းကျောင်းနေရာအဖြစ် ၂နေရာ မန္တလေးမြို့တွင် ဖွင့်လှစ်ထားပြီး၊  လက်ရှိတွင် တက်ရောက်ပီးခဲ့သော သင်တန်းသား ၃၀၀ ခန့်နှင့် တက်ရောက်ဆဲ သင်တန်းသား ၁၅၀ ခန့်ရှိပါသည်။


ဤကိစ္စနှင့်စပ်လျဉ်း၍ဆက်သွယ်ရန်လိပ်စာ

DIVE INTO CODE ရုံးခန်း တာဝန်ခံ:မစ္စတာ နိုရို

E-mail: cs@diveintocode.jp TEL: 03-5459-1808 FAX: 03-5459-1809


Clover Mandalay Co., Ltd ရုံးခန်း  တာဝန်ခံ:ဒေါ်ချစ်စုဝေ

Email: info@clovermandalay.com TEL: +959 769 80 4488

URL: www.clovermandalay.com

                www.clovermandalay.org